၁၃၇၉-ခု၊နှစ်ဆန်း(၄) ရက်နေ့။ ညီတော် မောင်သန်းဝင်းနိုင်ကို ဖားအောက်သာသနာ့ရိပ်သာပင်မ မှာ သာသနာ့ဘောင် ရဟန်းဘောင်သို့ တက်ရောက်စေခဲ့တယ်။ မည်တော် ခမည်းတော်လည်း လိုက်လာတယ်။ အရုဏ်ဆွမ်းကပ်တယ်။ ဖားအောက်ဝတ်ရွတ်စဉ်စာအုပ် (၄၀၀) လေးရာအုပ် လှူခဲ့တယ်။ တစ်အုပ်လျင် (၉၀၀) ကျပ် ကျသင့်တယ်။ ရဟန်းခံပွဲပြီးတော့ ဖားအံမြို့ ဦးအေးကြိုင်အိမ် တစ်ညအိပ်၊နောက်နေ့မနက် မြိုင်ကြီးငူ သက်သတ်လွတ်ဒေသသို့ ဘုရားဖူးထွက်။ ကျုံထော်ရေတံခွန်လည်း ရောက်တယ်။ မောင်ချက်ကြီးက ကားမောင်းပို့တယ်။ညနေ ဦးအေးကြိုင်အိမ် ကြန်ရောက်။ ခဏနား ညနေစာ စားပြီး ပြနိလာ။ မည်တော် ခမည်းတော်တို့ အိမ် လိုက်ပို့။ ပြီးတော့ ပို့ကုန်း ခရီးဆက်သည်။
Posts
ရဟန်ခံ့ အပြန်
- Get link
- X
- Other Apps
စကားဝါ၊လွင်မိုးအောင်၊ရွှေစင်၊၁၃၇၈-ခု၊တပေါင်းလ 2017 April 1 ဒေါ်အိ၊မြေး နှင်းနန္ဒာအောင်၊ မိသားစုတို့၏ ရှင်ပြု၊နားသ၊ရဟန်းခံ၊သိမ်ထပ် အလှူအပြီး အထက်အညာ ဘုတလင်မြို့နယ်၊ပိုးကုန်းရွာကို အလည် လိုက်လာကြတယ်။ လွင်မိုးအောင် (၈) တန်းတက် ပိုးကုန်းမှာ ကျောင်းနေမယ် ပြောတယ်။ အကြောင်းကြောင်း ကြောင့် ပျက်ခဲ့တယ်။ ရွှေစင် ကျောင်းပြန်တက်ချင်တဲ့ အကြောင်း ဖုန်းဆက် ငိုကာ ပြောတယ်။ အိမ်က လူကြီးတွေက အကြောင်းအမျိုးမျိုးပြပြီး ရွှေစင့်တုန်းကလည်း ပိုးကုန်းမှာ ကျောင်းထားဖို့ ပျက်ခဲ့တယ်။ ခတ်တာ ကတော့ ဘွဲ့ရတော့မယ်။ ခတ်တာ ဘွဲ့ရရင် ရွှေစင်ကျောင်းပြန် တက်လေမလား မျှော်လင့်ရ။
သင်ခဲ့သော ဓမ္မစကူးလ်များ
- Get link
- X
- Other Apps
၁၃၇၈-ခု၊သင်္ကြန်မတိုင်မီ၊ စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊ချောင်းကောက်ကျေးရွာမှာ မောင်ကဝိန္ဒ၏ ခေါင်းဆောင်မှုဖြင့် Dhamma school နွေရာသီသင်တန်း(၁၅) ရက်ပို့ချခဲ့တယ်။ မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့နယ်၊မြောက်ရှားတောရွာ၊ဆရာတော် ဦးသုဘောဂ ခေါင်းဆောင်မှုဖြင့် Dhamma school နွေရာသီသင်တန်း ပို့ချခဲ့တယ်။(၁၅) ရက်ကြာတယ်။ တဘက်အထည် (၂၀၀) လှူခဲ့တယ်။ ၁၃၇၉-ခု၊ကဆုန်လမှာ၊ဧရာဝတီတိုင်း၊မအူပင်မြို့နယ်၊ကုလားစုကျေးရွာမှာ ၊ဦးကုဝေရ ခေါင်းဆောင်ပြီး ပထမအကြိမ် ဓမ္မစကူးလ်သင်ခဲ့တယ်။ မကွေးတိုင်း၊စလင်းမြို့နယ်၊တောင်စဉ်ရွာမှာ ဦးဝိနယခေါင်းဆောင်မှုဖြင့် ဒုတိယအကြိမ် ဓမ္မစကူးလ်သင်ခဲ့တယ်။ ရခိုင်ပြည်နယ်၊မအီမြို့နယ်၊ကျော်ကိုင်းရွာမှာ စတုတ္ထအကြိမ် ဓမ္မစကူးလ်သင်ခဲ့တယ်။ ကျော်ကိုင်းမှာတော့ ဓမ္မစကူးလ်ရန်ပုံငွေ (၆) သိန်းကျော် စာရင်းမမှန်ကန်ဟု ကြားသိရတယ်။ ဦးသန်းဝေ ရဲ့ စာရင်းမနိုင်မှုလို့ ကြားရတယ်။ ဧရာဝတီ၊ကုလားစုရွာမှာတော့ သင်ယူပြီးမြောက်ကြောင်း လက်မှတ်ကိစ္စ ဒေါ်လေးခက်နဲ့ ဦးကုဝေရတပည့်များ အခြေအတင်စကားပြောကြတယ်။ ဦးကောသလ္လကြီးက ဒေါ်လေးခက်ပြောတော့ ဘာမှ ဝင်မပြောဘူး ဆိုပ...